အင်္ဂလိပ်−မြန်မာအဘိဓာန် (Padonma)
ဘက်ဘီလုံဆော့ဖ်ဝဲ (babylon - 6) ဖြင့် အသုံးပြုရသော အင်္ဂလိပ်−မြန်မာအဘိဓာန်ကို မြန်မာအိုင်တီသမား တစ်ဦးက ရေးသားထုတ်ဝေခဲ့ပြီဖြစ်သည်။ အင်တာနက်တွင်အသုံးများသော ဇော်ဂျီယူနီကုတ် (Zawgyi-One) စာလုံးကို အသုံးပြုထားပြီး ဘက်ဘီလုံဆော့ဖ်ဝဲတွင် တပ်ဆင် (Install) အသုံးပြုရမည်ဖြစ်သည်။ Padonma English-Myanmar Dictionary ၏ အရွယ်အစားမှာ 5 MB သာရှိပြီး မူရင်း babylon Software နှင့် ပေါင်းမှ 10 MB မျှသာရှိမည်ဖြစ်သည်။ မြန်မာစာအဖွဲ့၏ အင်္ဂလိပ်−မြန်မာအဘိဓာန်အတိုင်း အပြည့်အ၀လိုက်နာထားပြီး အခမဲ့ ဖြန့်ဝေခြင်း ဖြစ်သည်။ အိုင်တီနယ်ပယ်နှင့်တကွ နယ်ပယ်ပေါင်းစုံမှ အင်္ဂလိပ်စာနှင့် မကင်းနိုင်သူများ၊ ကျောင်းသူ ကျောင်းသားများအတွက်ရည်ရွယ်ပြီး http://www.padonma.com/babylon/padonma-english-myanmar.bgl ဖြင့်ရယူနိုင်သည်။ အခမဲ့ ရယူနိုင်ပြီး အခမဲ့ ကန့်သတ်ချက်မရှိ ဖြန့်ဝေနိုင်ပြီဖြစ်ပါသည်။